Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခု နှိုင်းယှဉ်မှု

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၉၇၀၀၀)ကျပ်၊ နှမ်းနက် (၉၀၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၉၃၀၀၀-၉၅၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၈၈၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်နှင့် ယခင် တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းများအဝင်နည်းခြင်း၊ လှောင်လက်များ အဆွဲများခြင်းကြောင့် နှမ်းမျိုးစုံဈေးနှုန်း များ အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၀၀၀-၆၂၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိ ဿာ (၆၆၀၀-၆၇၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၅၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူ အချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၈၀၀-၆၀၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၆၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၅၂၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ယခုတစ်ပတ်နှင့် ယခင်ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ၊ မြေပဲလုံး ဆံနီ၊ ဆီဆံဖြူ ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာ

Category: Local News